တဿ္ကြဲးလဿခံကတဿဿ္ခီဖ်ိ နဟဲကြဿ္ပပွာ္ယဲၯသန႔အဃိ နကဒိးန႔ဿ္ဘဢ္တဿ္အသီ

Htee Lah Doh Village School



Hello, everyone have a good day with all.
Now, I really want to explian about when we went to visited Karen villages time they need your help.

This school is in IDP area in Kawthoolei in Burma. This village really need one school building for students and now they try to find donors for this building.
Now, I really want to request you all for this village school.
You can help what you want for this building.


Please, we take hands together helping to Karen children for education in future.

 ကောင်းသောနေ့ကလေးပါလို့်နှုတ်ဆက်အပ်ပါတယ်ကရင်ညီအစ်ကိုမောင်နှမများအားလုံးကိုပေါ့....
ဒီတစ်ခေါက်ကျွန်တော်တို့တစ်တွေပြည်တွင်းနယ်စပ်ရွာများရှိကျောင်းများသို့သွားရောက်လှူဒါန်းတုန်းက IDP နယ်မြေကော်သူးလေနယ်မြေတွင်ကလေးသူငယ်များကျောင်းတက်ရန်ကျောင်းဆောင်လိုအပ်လျက်ရှိပါသည်။
ယခုထိုကျောင်းဆောင်ဆောက်လုပ်ရန်အတွက်ညီအစ်ကိုများစီမှအမှန်တကယ်ပင်အကူအညီများ
လိုအပ်ပါသည်။ကျောင်းခေါင်းမိုးအတွက်သော်၎င်း၊ဆောက်လုပ်ရန်အတွက်သံရိုက်သံများကိုလည်း
လိုအပ်ပါကြောင်းအမှန်တကယ်ပင်ကော်သူးလေနယ်မြေရှိကလေးသူငယ်များ၏ပညာရေးအတွက်
ကျွန်တော်တို့ကရင်လူမျိုးများအားရဲ့အကူအညီများကိုလိုအပ်ပါကြောင်းတင်ပြဖော်ပြအပ်ပါသည်။
ဝံးသးစူzမ်ပမzစ၊zသကိးလ7ပဒ့မု၃်ဒ့ခွါ
သ့တဖ၃်ကန့၃်က့zတr်ကူ၃်ဘ၃်ကူ၃်သ့မzလိzဘ၃်တr်အဂီr်န့၃်လီr်..
'ပမ့r်ဃူဖိးကညီဖိ ကျဲzစ၊းဒိ၃်ထီ၃်ကညီဂီr်'
Saw Moses(KUHN)
Email. unityhopekaren@gmail.com
www.karenunityhope.net

Helping to IDP area in brigade-7







Hello, all of my dear Karen thank you so much for your helping and remember prayer for our trip and thank you so much also YFC group from USA( Saw Barblut and all friends).
Thank you so much your loving for our Karen poor children. We really want to tell all May God bless you all and God be with all.






Now, some of our group trip to Kawthoolei villages. We go to sending helping for Karen poor children and our activities.
We hope next time you will bring alot of blessing for Karen poor children and poor people. We always miss your helping and for your sharing love to Karen people.
Hope for alive and We try together helping to our Karen poor children for education.
Saw Moses(KUHN)

Karen Race















''ကရင်လူမျိုး''
က-ကရင် …အမြင်ရှင်သန်
နိုးကြားမာန်နှင့် ကြိုးစားအားထုတ်
အလုပ်လုပ်၏……

ရင်- ရင်မှဖြစ်သော မေတ္တာသဘောနှင့်
ရိုးသားသိမ်မွေ့  ရိုးရာမမေ့ ……

လူ= လူသားချင်းတူ ကရင်ဟူသည်
ကူညီရိုင်းပင်း လူပီသပ်ခြင်း……

မျိုး- မျိုးရိုးအစဉ်အလာ
ဂုဏ်အင်္ဂါကို
ရိုသေစောင့်ထိန်း
အယူမတိမ်း……

ထို့ ကြောင့် ကရင်ဟူသည်……
ရှင်သန်နိုးကြား အသိတရားဖြင့်
ကြိုးစားအားထုတ် အလုပ်လုပ်၏……

ကရင်ဟူသည် ……
မေတ္တာတရား ရင်မှာထားလျက်
အကြင်နာတရား ခိုင်မြဲ၏……

ကရင်ဟူသည်……
လူကိုလူချင်း ကူညီရိုင်းပင်း
ယဉ်ကျေးခြင်းဖြင့်
လူမှန်နေရာမှန်နေတတ်၏……

ကရင်ဟူသည်……
အမျိုးဂုဏ်စောင့်ထိန်း
အယူမတိမ်းဘဲ
ထိန်းသိမ်းကာကွယ် စောင့်ရှောက်၏………

[S.lar plan]

Maw Pah Koh school Closing ceremony and some suppoting to Karen children


 Thank you so much for today we are going to attend  Maw Pah Koh school closing ceremony and we see this year alot of students past to exam. Also, thanks alot Karen brothers and sisters stay in Burma, third countries, from Bangkok supporting for Karen children. We try to sending and try to find donors for our Karen poor children education will be develop in future.
Also we go to see more Karen villages schools and they really need your help in village school.
Please, we try together stand for our Karen poor students.

 Now, this photo is today I went to visit some Karen villages and see with village leaders helping for Karen students.
Because of you love you own people you try to help again when you can help anyway.
Thank you so much for your help and for your love.

In future we really hope come to donate more for children.











Saw Moses(KUHN)

ကရင်ရိုးရာလက်ဝှေ့ ဆိုသည်မှာ……

………………………………………………
ကရင်ရိုးရာလက်ဝှေ့ ဟူသောဝေ့ဟာရကို စတင်ကြားနာရသူများမှာ မှင်တက်ကုန်ကြသည်။ အချို့က လက်မခံ ငြင်းဆန်ကြသည်။ အချို့က ထွင်လုံးတစ်ခုအဖြစ်မှတ်ယူပျက်ရယ်ပြုကြသည်။ ထူးဆန်း သောကိစ္စရပ်တော့ မဟုတ်ပေ။ လူဟူသည်မှာ မိမိမှန်သည်ထင်ရ သောကိစ္စရပ်များ၏အပမှအရာများကိုရုတ်ချည်းလက်ခံရန်ခဲယဉ်း တတ်သည့်သဘာဝရှိသည်။ ထို့အပြင် ကရင်ရိုးရာလက်ဝှေ့ မရှိဟု ထင်မြင်ထားသောမူလ Mindset အခံကြောင့်လက်မခံနိုင်ပဲဖြစ် နေရသည်။

အကောင်းဆုံးသော ဖြေရှင်းနည်းမှာ ကရင်ရိုးရာလက် ဝှေ့၏ဂုဏ်အင်္ဂါအစိတ်အပိုင်းများကို မီးမောင်းထိုး ချပြရန်သာဖြစ်သည်။ ဤသို့ဤနှယ်အချက်အလက် အကျိုးအကြောင်းသက်သေ သာဓကမပြပဲ ကရင်ရိုးရာ လက်ဝှေ့ ဟုကြွေးကြော်ခြင်းသည်အဓိ ပ္ပါယ်မဲ့ပေမည်။ ချပြရှင်းလင်းပါလျက်မှလက်မခံလျှင်လည်း သူ့သ ဘောသူဆောင်ခြင်းသာဖြစ်၍မူလ ကရင်ရိုးရာလက်ဝှေ့၏ဂုဏ်သိ က္ခာကိုထိခိုက်ရန်အကြောင်းမရှိပါ။ ကရင် ရိုးရာလက်ဝှေ့အကြောင်း ကိုရှင်းပြပါမည်။

၁။ ကရင်ဘာသာစကားဖြင့် လက်ဝှေ့ဟူသောဝေါဟာရရှိသည် ကမ္ဘာဦးမှစ၍လူသားမျိုးနွယ်စုတို့တွင် ကိုယ်ပိုင် အလေ့အထ များအတွက်ကိုယ်ပိုင်ဝေါဟာရများ ကိုယ်စီရှိကြလေသည်။ ကရင် ဘာသာစကားတွင်လည်း ထိုးကြိတ်ကန်ကျောက်သည့်လက်ဝှေ့ နှင့်လုံးထွေးဖွတ်လှဲသည့်နပန်း ပညာများအတွက်သီးခြားအခေါ်အ ဝေါ်ဝေါဟာရများရှိနေပါသည်။ ထိုင်းလက်ဝှေ့ကိုမွေထိုင်းဟုခေါ် သကဲ့သို့ ကရင်ရိုးရာလက်ဝှေ့ကိုလည်း ကရင်ဘာသာဖြင့်အခေါ် အဝေါ်ရှိနေပါသည်။

လူသားများဖွံ့ဖြိုးလာမှု သဘောတရားအရ မူလမိမိမျိုးနွယ်အ တွင်းရှိပြီးသားအရာများအတွက် အခေါ်အဝေါ် အမည်နာမရှိသော် ညားလဲ အခြားလူမျိုးထံမှ ရရှိသိမြင်ရသည့်အရာများကိုမူ ဘာသာ စကားမွေးစား သုံးစွဲကြရသည်။ ဥပမာအားဖြင့် လှည်းကိုမြန်မာလို လှည်းဟုသာခေါ်ဝေါ်သော်လည်း စက်တပ်ယဉ်ကားကိုမူ Car ဟုသာမွေးစားခေါ်ဝေါ်ရပေသည်။ အကြောင်းမှာ ကားသည်မြန်မာ့ ငယ်မွေးခြံပေါက်မဟုတ်၍ဖြစ်သည်။ ကရင်လူမျိုးတွင် ကရင်ဘာသာဖြင့်လက်ဝှေ့ ကိုအခေါ်အဝေါ် ဝေါဟာရရှိခြင်းက ကရင်ရိုးရာလက်ဝှေ့ရှိခြင်း ၏သာဓကတစ်ခု ဖြစ်ပေသည်။

၂။ ကရင်ရိုးရာလက်ဝှေ့သည် ပွဲကျောင်းပညာ၏ မျိုးဆက်မဟုတ်ပါ မြန်မာရိုးရာလက်ဝှေ့သည် ပွဲကျောင်း ဘုန်းကြီးများထံမှပြန့်ပွားခဲ့ သဖြင့် မြန်မာပြည်အရပ်ဒေသအသီးသီးရှိ တိုက်ခိုက်ရေးပညာများ ကိုပွဲကျောင်း အဆက်အနွယ်များ အဖြစ်သာသိမ်းကျုံးမှတ်ယူတတ် ကြပြန်သည်။ အမှန်တွင်ပွဲကျောင်းများ ခေတ်ကောင်းစဉ် က အနော်ရထာမင်း ၏ အာဏာစက်သည်ပွဲကျောင်း အပေါ်မကျော်လွှားနိုင်ခဲ့ ထို့အတူ သုဝဏ္ဏဘူမိသို့လဲ မရောက်ရှိသေးပါ။

ပွဲကျောင်းလက်ဝှေ့သည် မြန်မာဒေသ ပုဂံမှသည် မွန်ဒေသ သုဝဏ္ဏဘူမိကိုကျော်လွှား၍ ကရင်တို့ ထံပျံ့နှံ့ရန် ယုတ္တိဗေဒအကြောင်း တစ်စုံတစ်ရာမရှိပါ။ ကရင်ရိုးရာလက်ဝှေ့ကိုကရင်တို့ဖာသာ လေ့ကျင့်ကစားနေ သည်မှာ ပွဲကျောင်းနှင့်အပြိုင် မက ပို၍ပင်စောပါသေးသည်။ ပုဂံ ခေတ်နံရံဆေးရေးပန်းချီတွင် နပန်းသတ်ဟန်ရုပ်ပုံနှင့် လက်ပန်း ပေါက်ဟန်ရုပ်ပုံသက်သေများသာတွေ့ရှိရသည်ဖြစ်၍လက်ဝှေ့က နဦးလက်ပန်းပညာအဆင့်သာ ရှိသေးကြောင်းလဲသုံးသပ်ရပါသည်။ ကရင်ရိုးရာလက်ဝှေ့မှာမူ သားရေကျက်တူရိယာများမပေါ်မီက ပင် မြေပြင်တွင်ဝါး လုံးအတိုအရှည်ဆောင့်ဆိုင်းသံပေးကာထိုး သတ်နေပြီဖြစ်သည်။

၃။ သမိုင်းမတင်မီခေတ်ကတည်းက ကရင်ရိုးရာလက်ဝှေ့ ရှိခဲ့သည် လူ့သမိုင်းတွင်ဦးဆုံးသော ကိုးကွယ်မှုမှာ မိရိုးဖလာနတ်ကိုး ကွယ်မှုဖြစ်သည်။ ထို့နောက်တွင်မှ ဘာသာတရားကြီးလေးခုအစဉ် လိုက်ထွန်းကား လာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားတို့မိရိုးဖလာ ကိုးကွယ်မှုမှဗုဒ္ဓဘာသာ ပြောင်းလဲလာခဲ့ပုံမှာလဲဦးစွာ သုဝဏ္ဏဘူမိ သထုံပြည်သားမွန်တို့မှာဦးဆုံးဖြစ်သည်။ ထိုအချိန်နှင့်ခေတ်ပြိုင် ဇွဲယျ၊ ပိုင်တရောင်ဒုံ အစရှိသည့် ကရင်မင်းနိုင်ငံများတွင်လဲ ဗုဒ္ဓသာသနာထွန်းကားနေပြီးဖြစ်သည်။ ထို့နောက်မှပုဂံတွင်ရှင်အရဟံ ကျေးဇူးဖြင့် ဗုဒ္ဓဘာသာ ကူးပြောင်းသွားခဲ့သည်။

ထိုသို့ဗုဒ္ဓဘာသာမြန်မာပြည်တွင်း မထွန်းကားမည် သမိုင်းမတင် မီခေတ်များတွင် ကရင်လူမျိုးတို့သည် ဖီဗုယော် (Pee Bee Yaw) ( စပါးစောင့်နတ် ) ပူစော်ချိန်တိုင်း ကရင်ရိုးရာလက်ဝှေ့ ကိုထိုးသတ်ကြပါသည်။ သီး ခြားဖြစ်သော ဓလေ့ ထုံးစံ များလည်း ပါဝင်ပါသည်။ ဥပမာအားဖြင့် ထိုးသတ်မည့်တွဲဆိုင်းတွဲသည့် စနစ် ဖြစ်သည်။ ကရင် ရိုးရာ လက်ဝှေ့ ထိုးသတ်မည့်မောင်များသည် ဖီဗုယော် (Pee Bee Yaw) နတ်ပူဇော်ရာတလင်းပြင် အနီးအနားရှိလက်လှမ်းမီရာ အရာဝတ္ထု ပစ္စည်းတစ်ခုခုကိုကောက်ယူကို ဆောင်ထား ရသည်။

ဒိုင်လုပ်သူ ကပစ္စည်းအမျိုးအမည်ခေါ်ဆို၍ တွဲဆိုင်တွဲ ထိုးသတ်စေသည်။
သင်သည်ကောက်ရိုး တစ်ဆုပ်လက်ထဲတွင် ဆုပ်ကိုင်ထားမိပါက ကောက်ရိုး အတွဲထိုးသတ် ရန်ခေါ်ယူလျှင် အခြားသောကောက် ရိုးကိုဆုပ်ကိုင်ထားသူတစ်ဦးက သင်နှင့်ယှဉ်ပြိုင်ထိုးသတ်ရန် တလင်း ပြင်သို့ဝင်ရောက်လာမည်ဖြစ်သည်။ အသက်အရွယ်၊ ကိုယ်ခန္ဓာအရွယ်အစား၊ လက်ရည်အနိမ့်အမြင့်ကိုကြည့်၍ တွဲ ဆိုင်းဆင်ပေးခြင်းမဟုတ်၍ ကံတရားအပေါ် သတ္တိရှိရှိရင်ဆိုင် ခြင်းက ကရင်ရိုးရာလက်ဝှေ့ ၏အနှစ် သာရဖြစ်သည်။

၎။ လက်ဝှေ့ရေးပြပုံချင်းမတူညီပါ ကရင်ရိုးရာလက်ဝှေ့ရေးပြရာတွင် မြန်မာလက်ဝှေ့နှင့်ဆင်တူ သယောင်ထင် ရသော်လည်း မတူညီပါ။ သမန်းကျား၊ ဝမ်ချိုင်းတို့ သည်ဒုံးကဟန်ပါသောလက်ဝှေ့ရေးများပြသ၍ ဖေါ်ထုတ် ခဲ့ဖူးပါသည်။ ကရင်ရိုးရာလက်ဝှေ့နှင့်ဒုံးအကသည် နက်နက်နဲနဲဆက် သွယ်လျက်ရှိသည်။ ကရင်ရိုးရာလက်ဝှေ့ သတ်ကွက်များကိုဒုံး အကထဲတွင်ဟန်အဖြစ်ထည့်သွင်းကခုန်ခြင်းဖြစ်သည်။

အထူးသ ဖြင့် အမျိုးသားအကတွင် ရပ်လျက်သတ်ပုတ်နည်းများပါဝင်ပြီး အမျိုးသမီးကကွက်တွင် ထိုင်လျက် သတ်ပုတ်နည်းများ ပါဝင်သည်။ ထို့အပြင် ကရင်ရိုးရာလက်ဝှေ့ရေး သီးခြားပြသသော ဆအိုင်လောင် ဟူသည့်ပွဲတော်လဲရှိသည်။ အပူးအချုပ် တိုက်ကွက်များအတွက်ကြံ့ခိုင်အောင်လေ့ကျင့် သောနည်းမှာမူ ပျားဖွတ်ကစားနည်းအဖြစ်သီးခြားခွဲထွက်သွား ပြီဖြစ်သည်။

၅။ ဆင်တူယိုးမှားရှိခြင်းကြောင့်ရောထွေးထင်မြင်ခံခဲ့ရသည် ကမ္ဘာ့တိုက်ခိုက်ရေးပညာများတွင် သိုင်းကွက်ပုံစံ မပါဝင်သော အတိုက်ဦးစားပေးပညာရပ်များသည် တမျိုးနှင့်တမျိုးဆင်တူသ ယောင်ထင်ရလေ့ရှိသည်။

ဥပမာအားဖြင့် မြန်မာလက်ဝှေ့ ထိုင်း လက်ဝှေ့ ကမ္ဗောဒီးယားလက်ဝှေ့တို့သည် လက်ဝှေ့ရေးပြဟန်ကို မကြည့်ရလျှင် ယှဉ်ပြိုင်တိုက်ခိုက်ကြပုံများမှာ ဆင်တူယိုးမှားဖြစ်နေ တတ်ပါသည်။ ထိုအထဲတွင် မီဒီယာအားအနည်းဆုံး ကရင်ရိုးရာလက်ဝှေ့မှာ အခြားသောပညာပြိုင်ပွဲတို့ကြားတွင် အမည်မှေးမှိန် နေရခြင်းဖြစ်သည်။

ကရင် ရိုးရာ လက်ဝှေ့ ကျွမ်းကျင်သူ နှင့် ကရင် ရိုးရာ လက်ဝှေ့ အကြောင်း နားလည်သော ကရင် ပညာရှိ သုတေသီ တို့ ရဲ့ ဖြေရှင်းချက်များဖြစ်သည်။

Karen Traditional Boxing
ကရင် ရိုးရာ လက်ဝှေ့

Photo: They are all Karen Lethwei Fighter (Boxing)

https://www.facebook.com/karentraditionalboxing/

PSCG(LMTC final year students trip to Burma inside)Teaching

PTMJC

Mae Tha Wall War Histroy-1








မဲသဝေါတိုက်ပွဲ---(၁)
----------------
မဲသဝေါဆိုသည်ကား ၁၉၈၈ ခုနှစ် လှိုင်းကြီးလေထန်ကာလ ရောက်မှ မြန်မာပြည်သူလူထုက
မဲသဝေါဆိုသည့် အမည်နာမကို ပီပီပြင်ပြင် ကြားဖူးလာကြ၏။

၁၉၈၈ အရေးအခင်းကာလ အပြီး တပ်မတော်က နိုင်ငံတော် တာဝန် စထမ်းဆောင်ချိန်၌
လက်ဝဲလက်ျာ သောင်းကျန်းသူများက အမျိုးမျိုးအားစမ်းလာကြသည်။ လက်ဝဲသမားများက
မိုင်းယန်းကိုတိုက်သည်။ လက်ျာသမားများက မဲသဝေါကို တိုက်သည်။ ဤသို့ 
တိုက်ပွဲကြီးများကြောင့် မိုင်းယန်းနှင့် မဲသဝေါကို ပြည်သူအများက သိလာကြ၏။ သို့ ရာတွင်
အမည်သာ ကြားဖူးကြပြီး ဘယ်နားနေကြမှန်းတောင် ဂဃနဏသိသူ နည်းလှ၏။
စစ်သားများနှင့် ဒေသခံများကသာ သိကြပါသည်။

ကရင်ပြည်နယ်တွင် အနေကြာသော စာရေးသူအား "မဲသဝေါဆိုတာ ဘယ်နားမှာလဲဟင် "ဟု
ထိုတိုက်ပွဲကြီးများကို စိတ်ဝင်စားသူများက မေးလာကြ၏။ ပြီးတော့ "ဘာနာမည်ကြီးလဲ
"ဟုလည်း မေးသူက မေးကြပြန်၏ မဲသဝေါဆိုသည်မှာ ကရင်အမည် ကရင်စကား ဖြစ်၏။

မဲ မဟုတ်ပါ။ မဲ့ဖြစ်ပါ၏။
မဲ့ ဆိုသည်မှာ မျက်နှာ၊
သဝေါ ဆိုသည်မှာ ခပ်ဝိုင်းဝိုင်း အမို့ အမောက် များရှိသော မြေများ
မညီညာသော နေရာတွင် တည်ထားသောရွာ ဖြစ်သဖြင့် မဲ့သဝေါ၊ ထိုမှသည် မဲသဝေါ
ဖြစ်လာသည်ဟု သိသူများက ပြောကြသည်။

ညီနောင်ဖွား တိုင်းရင်းသား ကရင်နှင့် ရှမ်းတို့ သည် မြို့ အမည်၊ ရွာအမည်များကို ပေးရာ၌
နေရာဒေသကို အစွဲပြု၍ လည်းကောင်း၊ အရောင်အသွေးကို အစွဲပြု၍လည်းကောင်း
ပုံသဏ္ဍန်ကို အစွဲပြု၍လည်းကောင်း၊ ပေါက်ရောက်ပင်များများကို အစွဲပြု၍လည်းကောင်း
မှည့်ခေါ်တတ်ကြ၏။

ယခုလည်း မဲသဝေါမှာ မြေမျက်နှာပြင် အခြေအနေကိုလိုက်ပြီး တိုးရင်းသားတို့ က
အမည်မှည့်ခေါ်ခဲ့ကြ၏။ တစ်နည်းအားဖြင့် ထိုင်းတို့ က ရွာကို မဲဟု ခေါ်ကြရာ ထိုင်းနှင့်
ကရင်ပေါင်းစပ်ပြီး မဲသဝေါဟု ဆိုသူတို့ ကလည်း ဆိုကြ၏။ တကယ်တော့မဲသဝေါရွာကြီးသည်
ထိုင်း မြန်မာ နယ်စပ် သောင်းရင်းမြစ်၏ အနောက်ဘက် ခြမ်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း
ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့ နယ် ၏ မြောက်ဘက် မိုင် ၄၀ ခန့် အကွာတွင် တည်ရှိလေသည်။

မဲသဝေါရွာကြီးသည် သောင်းရင်းမြစ်၏ အနောက်ဘက်ကမ်းနဖူးတွင် ရှိ၍ အရှေ့ ဘက်ကမ်း၌
ထိုင်းနိုင်ငံမှ ဒါးဆောင်ယမ်အမည်ရ ရွာကြီး ရှိသည်။ ထိုရွာကြီးမှာ ထိုင်လူမျိုးများသားမက
အခြားသော မြန်မာနိုင်ငံမှ နယ်စပ်ဒေသနေ တိုင်းရင်းသားလူမျိုးများ အကြောင်းအမျိုးမျိုးဖြင့်
ဝင်ရောက် သွားလာနေကြသော ရွာကြီးဖြစ်၏။ ဒါဆောင်ယမ်သို့ မဲဆောင်မှလည်းကောင်း
အရှေ့ ဘက်ရှိ ဇင်းမယ် ဘန်ကောက် အဝေးပြေးလမ်းမကြီးမှ လည်းကောင်း၊ ကတ္တရာလမ်းများ
ဖောက်လုပ်ထားရှိပြီး အကောက်အခွန်မဲ့ ပစ္စည်းများ တင်သွင်းရောင်းဝယ်လျက်
ရှိကြလေသည်။ ထို့ ကြောင့် တစ်ချိန်တစ်ခါက မဲသဝေါသည် အလွန်စည်ကားသော
ရွာကြီးဖြစ်ခဲ့၏။ KNU တို့ ၏ အဓိက ဝင်ငွေရသော စခန်းကြီးဖြစ်ခဲ့ဖူး၏။

မဲသဝေါ၏ မြောက်ဘက်၌ KNU ဗဟို မာနေပလော စခန်းကြီးရှိ၏။
တောင်ဘက်တွင်ကား မဲထရီ၊ မော်ဖိုးကေ၊ မဲလ၊ ရေကျော်၊ သက်ကာရ၊ ဝမ်ခသစ်၊
ဝမ်ခဟောင်း၊ ဖလူး စသော စခန်းများရှိလေသည်။

မဲသဝေါမှ အနောက်ဘက် ၁၈ မိုင်ခန့် အကွာတွင် ရှမ်းရွာသစ် အမည်ရှိရွာကြီးရှိသည်။
အကောက်ခွန်မဲ့ ပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှု အရှိန်အဟုန် အလွန် ကောင်းနေစဉ်က
ရှမ်းရွာသစ်ကို KNU တို့ က ကားဖြင့် သွားလာခဲ့ကြ၏။ ထို့ ကြောင့်

"ဗိုလ်မှူးရေ.. မဲသဝေါ မပြောနဲ့ ဗျ။ ရှမ်းရွာသစ်မှာတောင် ဒါဆောင်ယမ်က ရေခဲနဲ
့ကိုကာကိုလာ ကို ကျွန်တော်တို့ မှာသောက်ခဲ့ဖူးတယ် " ဟု
ကျွန်တော့်အသိဒေသခံမိတ်ဆွေတစ်ဦးက ပြောခဲ့ဖူးသည်။

" မှာသောက်တော့ အကြာကြီးစောင့်ရလား "
" မစောင့်ရပါဘူး။ နှစ်နာရီ သုံးနာရီအတွင်း ဟိုက ကားနဲ့ ရောက်လာတာပါပဲ "

သူတို့ ထံတွင်ရှိသော Icon လမ်းလျှောက်စကားပြောစက်ကလေးများနှင့်
လှမ်းမှာသည်ထင်ပါ၏။

မဲသဝေါမှ ရှမ်းရွာသစ်သို့ ကားငယ်များသွား၍ရ၏။ မိုးတွင်းချောင်းရေကြီးနေသည့် ကာလမှလွဲ၍
မဲသဝေါ ရှမ်းရွာသစ်ကားလမ်းကို KNU တို့ အသုံးချခဲ့သည်ဟု သိရပါသည်။ ရှမ်းရွာသစ်မှ
တောင်ဘက်ရှိ ထရီဖိုးခွီး၊ ကမထ၊ ကွီလေ၊ ဝိုင်းထော်၊ ကြာအင်း၊ ပိန္ဒဲတော၊ ကွမ်ဘီ၊ မဲသိမ်ရွာ
များမှ တစ်ဆင့် လှိုင်းဘွဲ့ မြို့ သို့ အရောင်းအဝယ်သမားများက အကောက်အခွန်မဲ့
မှောင်ခိုပစ္စည်များအား လူများဖြင့် လည်းကောင်း၊ လှည်းများဖြင့်လည်းကောင်း
တင်သွင်းခဲ့ကြလေသည်။

အလားတူပင် ကုသည်များက ပစ္စည်းများကို ရှမ်းရွာသစ်ဘက်မှ ယင်းပိုင်ချောင်းနှင့်
သံလွင်မြစ်ဆုံရှိ ရင်းပိုင်ရွာသို့  လူဖြင့်လည်းကောင်း၊ လှည်းများဖြင့်လည်းကောင်း၊
ရင်းပိုင်မှတစ်ဆင့် သံလွင်မြစ်ကြောင်းအတိုင်း စက်လှေများဖြင့်လည်းကောင်း သယ်ဆောင်ပြီး
ကမမောင်း၊ ရွှေဂွန်း၊ ဘားအံ၊ မော်လမြိုင်မြို့ များရောက်သည်အထိ
ရောင်းဝယ်ဖောက်ကားလာခဲ့ကြသည်ဟု သတင်းစကား ကြားဖူးပါသည်။

ထိုရှမ်းရွာသစ်သို့  ၁၉၇၅ ခုနှစ် နှစ်စက ကျွန်တော် ပထမဆုံး အကြိမ်ရောက်သွားခဲ့၏။ တပ်ခွဲ
နှစ်ခွဲပါ စစ်ကြောင်းဖြင့် သံလွင်မြစ်ကို ဖြတ်ကျော်ရောက်ရှိသွားခြင်း ဖြစ်လေသည်။

ထိုစဉ်က KNU တို့ အားကောင်းစဖြစ်ပြီး စစ်ကြောင်း Column ကြီးများ ဖွဲ့ စည်းလျက်
ဒေါနတောင်တန်း အနောက်ခြမ်းရှိ မြန်မာ့တပ်မတော်ကို အံတုကာ ယှဉ်ပြိုင် ရင်ဆိုင်
တိုက်ခိုက်စ ကာလပင်။ P.D.P ခေါ်ပြည်ပြေးများ ၁၉၆၉-၇၀ ထကြွကြရာ P.D.P တို့ က
KNU,NMSP,SSA စသည်တို့ နှင့်ပူးပေါင်းခဲ့ကြ၏။ P.D.P တွင်မြန်မာနိုင်ငံဝန်ကြီးချုပ်ဟောင်း
ဦးနု၊ ဦးလောရုံ၊ ဦးသွင်၊ ဦးဝင်း၊ ဗိုလ်လက်ျ၊ ဗိုလ်ရန်နိုင်နှင့် စာရေးဆရာ ရန်ကုန်ဘဆွေ၊ စသူ
တို့ ပါဝင်ခဲ့ရာ P.D.P ကြောင့် KNU တို့ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ရသွားကြ၏။ လက်နက်
အသစ်အဆန်းများ ဝယ်ယူနိုင်လာကြ၍ လက်နက်အင်အား ပိုမိုတောင့်တင်းလာပြီး
ဖော်ပြပါအတိုင်း စစ်ကြောင်း Column ကြီးများ ဖွဲ့ စည်း ကာ လှုပ်ရှားသွားလာနိုင်ကြသည်။
ပြည်နယ်မြို့ တော် ဘားအံကိုပင် ထိပါးနှောင့်ယှက်လာကြသည်။ မြဝတီကို လည်း
ဝိုင်းဝန်းတိုက်ခိုက်ကြသည်။

ထိုအခါ KNU စစ်ကြောင်းများကို သတိထားလာရတော့၏။ ယခင်က ပြောက်ကျားသာသာ
ပစ်ခတ်နှောင့်ယှက်သည့်အဆင့်မှ Conventional သမားရိုးကျ စစ်ပွဲအသွင်သို့ 
ကူးပြောင်းလာသဖြင့် သူတို့ စစ်ကြောင်များကို ချေမှုန်းနိုင်ရန် ရတခ ခေါ်
အရှေ့တောင်တိုင်းသည် လက်အောက်ခံတပ်များမှ စစ်ကြောင်းများကို ရန်သူထူပြောသည့်
ဒေသများသို့  စေလွှတ်ရတော့၏။ ရန်သူလှုပ်ရှားမှုက လှိုင်းဘွဲ့ မြောက်ခြမ်းနှင့် အရှေ့ ခြမ်း၌
ပို၍ များပေသည်။

ထိုဒေသများသို့  ရတခ ကွပ်ကဲမှုအောက် တပ်အသီးသီးမှ တပ်ခွဲနှစ်ခွဲပါ
စစ်ကြောင်းများစေလွှတ်ရာတွင် ကျွန်တော်ပါဝင်သော မော်လမြိုင် ကျောက်တစ်လုံးတပ်မှ
စစ်ကြောင်းလည်း ဘားအံမှ တစ်ဆင့် လှိုင်းဘွဲ့ မြောက်ခြမ်းသို့ ရောက်ရှိခဲ့ရလေတော့သည်။
ကျွန်တော်တို့  တပ်မှ သာမကပါ ကြာအင်းဆပ်ကြီးတပ်မှ စစ်ကြောင်းတစ်ကြောင်း၊ ဘားအံမှ
စစ်ကြောင်းတစ်ကြောင်းနှင့် သထုံမှ စစ်ကြောင်းတစ်ကြောင်းတို့ သည်လည်း လှိုင်းဘွဲ့ ၊ ရွှေဂွန်း၊
ကမမောင်း စသော ဘာအံမြောက်ခြမ်းဒေသများ၌ လှုပ်ရှားရ၏။ တိုက်ပွဲများကလည်း
အရှိန်အဟုန်ပြင်းစွာ ဖြစ်ပွားရလေတော့သည်။ KNU တို့ သည် ဘားအံကိုပင် ဝင်ရောက်နှောင့်
ယှက် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သောကြောင့် အူမြူးဂျိုကြွလျက်လည်း ရှိကြ၏။ ၁၉၇၄ ခုနှစ်ကစ
မြဝတီမြို့ ကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖြစ်လေသည်။

ဤနေရာတွင် မဲသဝေါဒေသ အဘယ့်ကြောင့် စည်းကားသိုက်မြိုက်လာရသနည်း။
အဘယ့်ကြောင့် KNU တို့ အူမြူးဂျိုကြွကာ အင်အား ကောင်းလာရသနည်း။ အဘယ့်ကြောင့်
သာမန်ပြောက်ကျားအဆင့်သာသာမှ စစ်ကြောင်းကြီးများ ဖွဲ့ စည်းပြီး သမားရိုးကျ
Conventional စစ်ကို သူတို့  ဆင်နွှဲလာနိုင်ခဲ့ကြသနည်း။ KNU ဌာနချုပ်နှင့် စခန်းများအား
အဘယ့်ကြောင့် သောင်းရင်းမြစ်ကမ်းသို့  ရွှေ့ ပြောင်းလာခဲ့ကြရသနည်း။ စသည့်
အကြောင်းများကို စာဖတ်သူတို့  လိပ်ပတ်လည်အောင် သမိုင်းအစကို ပြန်လည် ဖော်ပြရန်
လိုလိမ့်မည် ထင်ပါသည်။ ပြောရမည်ဆိုက ဓာတ်ပြားဟောင်းကြီးကိုပင် ပြန်ဖွင့်ရပါမည်။
ကရင်သောင်းကျန်းမှုသမိုင်းကပင် စရမည်ထင်ပါသည်။ သို့ မှသာ ယခု ကျွန်တော်တို
့ရင်ဆိုင်နေရသည့် KNU များနှင့်ခေါင်းဆောင်ကြီး စောဗိုလ်မြ၏ အကြောင်း တစေ့တစောင်းကို
သိကြရမည်ဖြစ်ပါ၏။

KNU သမိုင်းကြောင်းတစေ့တစောင်း
~~~~~~~~~~~~~~~~~~
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ တွင် ကရင်နိုင်ငံရေးအဖွဲ
့များ စုပေါင်းကာ KNU (Karen National Union)ခေါ် ကရင်အမျိုးသား အစည်းအရုံးကို ဖွဲ
့စည်းခဲ့ကြသည်။ ထိုအဖွဲ့ အစည်း၌ လက်နက်ကိုင် အဖွဲ့ အဖြစ် KNDO ခေါ်(Karen National
Defence Organjzation) ကရင် အမျိုးသား ကာကွယ်ရေးအစည်းအရုံးကို အင်္ဂလိပ်စစ်တပ်
အကူအညီဖြင့် ဖွဲ့ စည်းခဲ့ကြပြန်သည်။

ဆက်ပါအုံးမည်.......
-
-
မောင်ဗေဒါ

Popular Posts

 
Support : KA SHEE | Buy Domain Name | Creating Website
Copyright © 2013. Karen Unity Hope Network - All Rights Reserved